ASUS ရဲ့ No.1 Service & Quality ဆိုတာ မြန်မာပြည်မှာ ဘယ်လောက်အထိ ကောင်းလဲ?
ASUS ရဲ့ No.1 Service & Quality ဆိုတာ မြန်မာပြည်မှာ
ဘယ်လောက်အထိ ကောင်းလဲ?
Laptop တစ်လုံး ရွေးချယ်ဝယ်ယူတဲ့အခါ Hardware အရည်အသွေး
(Quality) ကလည်း အရေးကြီးသလို ဝယ်ယူပြီးနောက်ပိုင်း ရရှိမယ့် After-Sales Service ဝန်ဆောင်မှုတွေကလည်း
အဓိကကျတဲ့ အချက်တစ်ခုဆိုတာ အားလုံးသိထားပြီးဖြစ်မှာပါ
ဒီနေ့မှာတော့ ကျွန်တော်တို့ INNWA IT & Mobile ကနေပြီး မြန်မာနိုင်ငံက
ASUS Laptop ဝယ်ယူသူတွေအတွက် ASUSကနေ ဘယ်လို Quality နဲ့ Service ဝန်ဆောင်မှုတွေ ပေးနေလဲဆိုတာကို
မျှဝေပေးချင်ပါတယ်
မြန်မာနိုင်ငံမှာ ASUS Laptop တစ်လုံး ဝယ်ယူတဲ့အခါ ASUS ရဲ့
တရားဝင် "ASUS 4A Guarantee" အာမခံ (၄) ချက်ကိုပါ တစ်ပါတည်း ရရှိပါတယ်
ဒါဆိုရင် ASUS 4A Guarantee က ဘာလဲ... ဘာတွေပါဝင်မလဲဆိုတာ
ဆက်ပြီး လေ့လာကြည့်ရအောင်...
Assured Quality (စိတ်ချရတဲ့
အရည်အသွေး)
ASUSအနေနဲ့ ကြေငြာထားတာက...
ASUS Laptop တွေကို
ရေရှည် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေဖို့ အမေရိကန် စစ်ဘက်ဆိုင်ရာ စံနှုန်းဖြစ်တဲ့
"Military Grade MIL-STD-810H" စံနှုန်းများနဲ့ စမ်းသပ်စစ်ဆေးထားတဲ့
Military Grade Certified ပါဝင်တယ်လို့ဆိုတယ်...
MIL-STD-810H စံနှုန်းဆိုတာကတော့
U.S. Military မှာသုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် ပတ်ဝန်းကျင် အမျိုးမျိုးကြောင့်
ပျက်စီးမှုဒဏ်ကို ရေရှည်ခံနိုင်ရည် ရှိမရှိ စမ်းသပ်နိုင်ဖို့အတွက် U.S. Department
of Defense က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တစ်ခုပေါ့...
ဒီစံသတ်မှတ်ချက်ကို သုံးပြီး အသုံးအဆောင်ပစ္စည်းတွေကို ပတ်ဝန်းကျင်နဲ့ အချိန်ကြောင့် ပျက်စီးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေပြီး ရေရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်
ASUS Laptop တွေကို ဒီစံနှုန်းနဲ့အညီ စမ်းသပ်မှု (၅) မျိုးဖြစ်တဲ့ Shock Test, Vibration Test, Drop Test, High and Low Temperature Test နဲ့ Humidity or High Altitude Test တွေနဲ့ စမ်းသပ်ထားတယ်လို့သိရတယ်
All-round
Coverage
ASUS Laptop တွေမှာပါဝင်တဲ့ 2 Years Warranty က International Warranty အမျိုးအစားဖြစ်ပါတယ်
ASUS Laptop တွေပြင်ဖို့နဲ့
အပိုပစ္စည်းတွေအတွက် ASUS Authorized Service Center (2)ခုရှိတယ် ဒါ့အပြင်
International Warranty ကြောင့် နိုင်ငံပေါင်း (၉၀) ကျော်က Service Center တွေမှာပါ ဝန်ဆောင်မှု ရယူနိင်တ,်လို့
သိရပါတယ်
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့
Southeast Asia နိုင်ငံအများစုမှာလည်း Authorized Service Center တွေ ရှိတာဖြစ်တဲ့အတွက်
သင်ဝယ်ထားတဲ့ ASUS Laptop တစ်ခုခုဖြစ်သွားတယ်ဆိုရင် အလွယ်တကူ အာမခံဝန်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်
နိုင်ငံပေါင်း (၉၀) ကျော်မှာရှိတဲ့ ASUS Authorized Service Center တွေကိုတော့ ဖော်ပြပါ
Link မှာ နိုင်ငံအလိုက် ကြည့်ရှုနိုင်ပါတယ် 👉 https://bit.ly/AuthorizedServiceCenters
Always-on
Support
ASUS Laptop အသုံးပြုသူတွေအတွက် ASUS ဘက်က Technical/ Software Support နဲ့ Driver Download အစရှိတာတွေကို Online ကနေ အလွယ်တကူရယူနိုင်ဖို့...Online Channel တွေအနေနဲ့
· ASUS Laptop တွေအတွက် Up to Date Driver တွေကို Install လုပ်ဖို့ လိုအပ်လာရင်... တစ်နေရာတည်းမှာ အလွယ်တကူ Install လုပ်လို့ရတဲ့ One Click Driver Download
👉 https://bit.ly/ASUSDriverDownload
·
ASUS Laptop တွေမှာ အသင့်ပါဝင်ပြီးဖြစ်တဲ့ MyASUS App... ဒီ MyASUS App နဲ့အတူ
မိမိ Laptop ကို ထိန်းချုပ်စီမံနိုင်ပြီး အာမခံလက်ကျန် အခြေအနေများကိုလည်း ကြည့်ရှုနိုင်တာကြောင့်
MyASUS App ကို Register မလုပ်ရသေးဘူးဆိုရင် Register လုပ်ထားပြီး အသုံးပြုနိုင်ပါတယ်
·
ASUS Myanmar Facebook Messenger ကနေ မြန်မြန်ဆန်ဆန် Information တွေ ရယူနိုင်ဖို့...
ASUS Messenger Bot >>> https://m.me/ASUSMyanmar?ref=MainMenu
·
ASUS Product Tips/ Troubleshooting Tips တွေကို ကြည့်ရှုနိုင်မယ့်... ASUS
Support YouTube Channel >>> https://bit.ly/ASUSSupportYouTube
စတဲ့ Online Channel တွေကနေတစ်ဆင့် ဝန်ဆောင်မှု ရယူနိုင်ပါတယ်
Accidental
Damage Protection (မတော်တဆထိခိုက်မှုအတွက် အာမခံ)
ဒီအချက်က သာမန်
Factory Error တွေအတွက်ပဲ အာမခံပေးတာတွေထွက်ပိုတဲ့ တော်တော်လေးလည်းအသုံးဝင်တဲ့ အာမခံအမျိုးအစားတစ်ခုပါ
ASUS Laptop ဝယ်ယူပြီး
ပထမ (၁) နှစ်အတွင်း မတော်တဆ ထိခိုက်မှုကြောင့် Laptop ပြင်ဆင်ဖို့ လိုအပ်လာတယ်ဆိုရင်
ပြင်ဆင်မှုအတွက် Spare Parts ကုန်ကျစရိတ်ရဲ့ (၈၀%) ကို ASUS က ကျခံပေးမှာဖြစ်ပြီး၊
အသုံးပြုသူဘက်က (၂၀%) သာ ပေးဆောင်ဖို့ လိုအပ်တဲ့ ASUS Perfect Warranty လည်း ပါဝင်ပါတယ်
ဒီ ASUS Perfect
Warranty မှာတော့ အသုံးပြုသူကြောင့်ဖြစ်တဲ့ မတော်တဆပြုတ်ကျတာ၊ မတော်တဆပျက်စီးတာ၊ အရည်တစ်ခုခုဖိတ်ကျတာ၊
လျှပ်စစ်ရှော့ခ်ဖြစ်တာ စတဲ့ မတော်တဆထိခိုက်မှုများအတွက် အကျုံးဝင်မှာဖြစ်ပြီး ဝယ်ယူပြီး
ပထမဆုံးတစ်နှစ်အတွင်း မတော်တဆမှု တစ်ကြိမ်အတွက် အာမခံအကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်
ASUS Perfect
Warranty ကို ရရှိဖို့အတွက် ASUS Laptop ဝယ်ယူတဲ့နေ့ကစပြီး ရက် (၉၀) အတွင်း MyASUS
App ကနေတစ်ဆင့် Register ပြုလုပ်ပေးဖို့လည်း လိုအပ်မှာဖြစ်ပါတယ်
ဒါကတော့ ASUS 4A
Guarantee နဲ့ ပတ်သက်တဲ့ အချက်တွေဖြစ်ပြီး ASUS Service Center ဘယ်မှာရှိလဲ၊ ASUS
Perfect Warranty အကျုံးဝင်ဖို့ ဘာတွေလုပ်ရမလဲ၊ ASUS Support Portal က ဘယ်မှာလဲ စတဲ့...
စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ [4A Guarantee Landing
Page] မှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Asus Laptop များကြည့်ရန် -> https://innwa.com.mm/brand/asus-5
Asus Gaming Laptop များကြည့်ရန် -> https://innwa.com.mm/brand/asus-131