ASUS Laptop Prices | INNWA IT & Mobile | 2026 Update
ASUS Laptop Price in Myanmar: ကျောင်းသုံး၊ ရုံးသုံးနှင့် Gaming အတွက် အကောင်းဆုံးရွေးချယ်မှုများ (2026 Update)
Laptop တစ်လုံးဝယ်ယူတော့မယ်ဆိုရင် စျေးနှုန်းသက်သက်ကိုကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ (Workload) နဲ့ ကိုက်ညီမယ့် Specifications ကို ရွေးချယ်နိုင်မှသာ ရေရှည်အတွက် အကောင်းဆုံး Value ကို ရရှိမှာဖြစ်ပါတယ်။
သင်က ကျောင်းစာအတွက်ပဲ သုံးမယ့်သူလား၊ Multitasking အမြဲလုပ်ရတဲ့ ရုံးဝန်ထမ်းလား၊ ဒါမှမဟုတ် High-performance လိုအပ်တဲ့ Gamer / Creator လားဆိုတာအပေါ် မူတည်ပြီး ရွေးချယ်နိုင်မယ့် နောက်ဆုံးထွက် ASUS Laptop မော်ဒယ်များနှင့် စျေးနှုန်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
(မှတ်ချက် - နေ့စဉ် စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါသဖြင့် အတိအကျသိရှိလိုပါက 09771966688, 09441114443, 09766766799 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
နေ့စဉ်သုံး၊ ကျောင်းသုံးနှင့် ရုံးသုံးအတွက် (Vivobook Series)
Portability ကောင်းကောင်းနဲ့ နေ့စဉ် ပုံမှန်အလုပ်တွေလုပ်ဖို့၊ Online Class တက်ဖို့အတွက်ဆိုရင် Vivobook Series က အသင့်တော်ဆုံးပါပဲ။
1. ASUS Vivobook 14 [X1404VA-NK1192W]
ကျောင်းသုံး၊ ရုံးသုံးအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ကို Budget-friendly ဖြစ်ဖြစ်နဲ့ ရနိုင်မယ့် မော်ဒယ်ဖြစ်ပါတယ်။
- CPU: Intel® Core™ i3 1315U Processor
- Display: 14" FHD IPS Level Display
- RAM/SSD: DDR4 8GB RAM / 512GB PCIe® SSD
- စျေးနှုန်း - 3,164,000 MMK
2. ASUS Vivobook 15 [X1502VA-NJ980W]
Browser Tab တွေအများကြီးဖွင့်ပြီး Multitasking အမြဲလုပ်ရတဲ့ သူတွေအတွက် 16GB RAM နဲ့ အထူးသင့်တော်ပါတယ်။
- CPU: Intel® Core™ i5 13420H Processor
- Display: 15.6" FHD IPS Level Display
- RAM/SSD: DDR4 16GB RAM / 512GB PCIe® SSD
- စျေးနှုန်း - 3,868,000 MMK
Creator များနှင့် Casual Gamer များအတွက် (ASUS Gaming K/V Series)
Pro Level Creationတွေလည်းလုပ်ချင်တယ်၊ အားလပ်ချိန်မှာ Game လည်း ဆော့ချင်တယ်၊ ဒါပေမယ့် အရမ်း Flashy ဖြစ်တဲ့ Gaming Design တွေကို မကြိုက်ဘူးဆိုတဲ့သူတွေအတွက် ASUS Gaming K/V Series က သင့်တော်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
3. ASUS Gaming V16 [V3607VU-RP195W]
ပေါ့ပေါ့ပါးပါးနဲ့ Low Key ဖြစ်တဲ့ ဒီဇိုင်းကိုကြိုက်တဲ့ Gamer / Creator တွေအတွက်ပါ။ 144Hz Display နဲ့ RTX 4050 ပါဝင်လို့ Rendering ပိုင်းရော၊ Gaming ပိုင်းရော Smooth ဖြစ်ပါတယ်။
- CPU: Intel® Core™ 5 210H Processor
- GPU: NVIDIA® GeForce RTX™ 4050 Laptop GPU
- Display: 16" WUXGA 144Hz Display
- RAM/SSD: DDR5 16GB RAM / 512GB PCIe® SSD
- စျေးနှုန်း - 7,564,000 MMK
4. ASUS Gaming K16 [K3605VC-RP405W]
Gaming နဲ့ Creation ပိုင်းတွေကို စတင်ခြေလှမ်းမယ့်သူတွေအတွက် Budget အသင့်အတင့်နဲ့ ရနိုင်မယ့် Dedicated GPU ပါတဲ့ မော်ဒယ်ဖြစ်ပါတယ်။
- CPU: Intel® Core™ i5 13420H Processor
- GPU: NVIDIA® GeForce RTX™ 3050 Laptop GPU
- Display: 16" WUXGA Display
- RAM/SSD: DDR5 8GB RAM / 512GB PCIe® SSD
- စျေးနှုန်း - 5,716,000 MMK
High-Performance Gaming (ROG & TUF Series)
Auto CAD, 3D Rendering စတဲ့ Heavy Software တွေ Run ဖို့နဲ့ AAA Games တွေကို အကြမ်းစား Graphics နဲ့ ဆော့ချင်သူတွေနဲ့ Gaming Vibe အပြည့်ရတဲ့ Design ရတဲ့ ဒီဇိုင်းကိုမှကြိုက်တတ်သူတွေအတွက် ရွေးချယ်သင့်တဲ့ ASUS Laptopတွေဖြစ်ပါတယ်။
9. ASUS TUF Gaming F16 [FX607VU-RL087W]
- CPU: Intel® Core™ 5 Processor 210H
- GPU: NVIDIA® GeForce RTX™ 4050 Laptop GPU
- Display: 16" FHD 16:10 144Hz, IPS-Level Display
- RAM/SSD: DDR5 8GB RAM / 512GB PCIe® SSD
- စျေးနှုန်း - 8,048,000 MMK
11. ASUS TUF Gaming A17 [FA706NFR-HX033W]
Screen ကြီးကြီးနဲ့မှ အားရတယ်ဆိုတဲ့ သူတွေအတွက် 17.3" Display ကိုမှ Budget အသင့်အတင့်နဲ့ ရနိုင်မယ့် Model ဖြစ်ပါတယ်။
- CPU: AMD Ryzen™ 7 7435HS Processor
- GPU: NVIDIA® GeForce RTX™ 2050 Laptop GPU
- Display: 17.3" FHD 144Hz Display
- RAM/SSD: DDR5 8GB RAM / 512GB PCIe® SSD
- စျေးနှုန်း - 5,188,000 MMK
ဒီLaptop တွေမှာ ASUSရဲ့ 2 Years Official Warrantyပါဝင်တဲ့ အပြင် မတော်တဆထိခိုက်မှုတွေအတွက်ပါ အကျုံးဝင်တဲ့ 1 Year Perfect Warranty (Valued at $99) လည်းပါဝင်ပြီးဖြစ်ပါတယ်
ဝယ်ယူရန်လမ်းညွှန်
ဒီ ASUS Laptop တွေကတော့ လတ်တလော INNWA IT & Mobile မှာရနိုင်တဲ့ Modelတွေဖြစ်ပြီး Stockနဲ့ ဈေးနှုန်းများဟာ အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်တာကြောင့် ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆိုင်ကိုမလာမီ INNWA IT & Mobile ရဲ့ Viber, Facebook Page Messenger တို့ကနေကြိုတင်မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။