ASUS Gaming Laptops in store comparison

ASUS Gaming Laptops in store comparison

ASUS Gaming K16 vs V16: ဘယ်တစ်ခုက ကိုယ်နဲ့ပိုကိုက်ညီမလဲ?


"ASUS Gaming K16 နဲ့ V16 Laptop မော်ဒယ်နှစ်ခုဟာ Specs အားဖြင့်ရော၊ ဈေးနှုန်းအားဖြင့်ပါ သိသိသာသာ ကွာခြားမှု ရှိပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ဘယ်တစ်ခုက ကိုယ်နဲ့ပိုကိုက်ညီမလဲဆိုတာကို အသေးစိတ် နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။"

ဒီ Laptop နှစ်ခုလုံးဟာ ၁၆ လက်မမျက်နှာပြင်ကျယ် (WUXGA) နဲ့ Refresh Rate 144Hz ပါဝင်တဲ့အတွက် Gaming နဲ့ အလုပ်လုပ်တဲ့နေရာမှာ မျက်နှာပြင်ကျယ်ကျယ် ကြိုက်သူတွေအတွက် အဆင်ပြေစေမှာပါ။

ASUS Gaming K16
(K3605VC-RP405W)

"Budget Save ဖြစ်ပြီး အလုပ်ဖြစ်ချင်သူများအတွက်"

K16 ကတော့ Budget ကို အထိရောက်ဆုံးနဲ့ အလုပ်လုပ်ချင်တဲ့သူတွေအတွက်ပါ။ Design က ရိုးရှင်းတယ်၊ ဒါပေမဲ့ i5-13th Gen နဲ့ RTX 3050 က ကိုယ့်ရဲ့ Daily Task တွေကို Smooth ဖြစ်ဖြစ်နဲ့အဆင်ပြေပြေအသုံးပြုနိုင်တယ်။

  • Professional ဆန်ဆန်နဲ့ အလုပ်လုပ်ရင်း အားတဲ့အချိန် ဂိမ်းလေး နည်းနည်းပါးပါး ဆော့တတ်တဲ့သူတွေအတွက်
  • Office Work နဲ့ Content Creation အခြေခံ လုပ်ဆောင်ချက်တွေအတွက်
  • Freelancers, Junior Designers နဲ့ ကျောင်းပြီးခါစ လူငယ်တွေအတွက်

ASUS Gaming V16
(V3607VU-RP195W)

“Performance မြင့်မြင့်နဲ့ အလုပ်လုပ်ချင်သူတွေအတွက်”

V16 ကတော့ စွမ်းဆောင်ရည်ကို နည်းနည်းမှ မလျှော့ချင်သူတွေအတွက်ပါ။ Intel Core 5 210H အသစ်စက်က်နဲ့ RTX 4050 (6GB) တို့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လို Heavy Software မျိုးကိုမဆို ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်မှာပါ။

  • AAA Games တွေကို Smooth ဖြစ်ဖြစ် ကစားချင်သူတွေအတွက်
  • 16GB DDR5 RAM ကြောင့် Multi-tasking မှာ ပိုမြန်၊ 63WH Battery ကြောင့် ပိုစိတ်ချရ
  • Hardcore Gamers, Professional Video Editors & 3D Rendering သမားများအတွက်


Trusted Computing Partner

Laptop ဝယ်ယူမယ်ဆိုရင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်နဲ့ ဝန်ဆောင်မှုကောင်းမွန်တဲ့ မင်မင်တို့ INNWA IT & Mobile မှာ အခုပဲ လာရောက်လေ့လာ ဝယ်ယူနိုင်ပါပြီခင်ဗျာ။



ပိုပြီးကြမ်းတဲ့ ASUS TUF F16 Series

ဒီတစ်ခါမှာတော့ Performance ပိုင်းမှာ ပိုပြီးကြမ်းတဲ့ ASUS TUF F16 Series မော်ဒယ်နှစ်မျိုးဖြစ်တဲ့ ASUS FX607VU-RV058W နဲ့ ASUS FX608JMR-0EAEXHB8X10 နှစ်မျိုးကို လေ့လာကြည့်ပြီး ဘယ် Model ရွေးချယ်ရမလဲဆိုတာ နှိုင်းယှဉ်ပြပေးထားပါတယ်။

ASUS ရဲ့ TUF Series ဆိုတာနဲ့ အကြမ်းခံတယ်၊ စွမ်းဆောင်ရည်ကောင်းတယ်ဆိုတာမျိုး တွဲမြင်ကြမှာပါ။ ဒီ Laptop နှစ်ခုလုံးဟာ ၁၆ လက်မမျက်နှာပြင်ကျယ်နဲ့ Refresh Rate 165Hz ပါဝင်တဲ့အတွက် Gaming နဲ့ အလုပ်လုပ်တဲ့နေရာမှာ မျက်နှာပြင်ကျယ်ကျယ် ကြိုက်သူတွေအတွက် Visual ပိုင်းပိုအဆင်ပြေစေမှာပါ။

ASUS FX607VU-RV058W

“Budget နဲ့ Performance ကို ကောင်းကောင်းလိုချင်သူများအတွက်"

FX607VU ကတော့ အရည်အသွေးမြင့်တဲ့ Gaming Experience ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ပိုင်ဆိုင်ချင်သူတွေအတွက် ပိုကောင်းပါတယ်။ Dota 2, Valorant, PUBG စတဲ့ ဂိမ်းတွေကို အေးဆေးကစားလို့ရပြီး အလုပ်နဲ့မျှသုံးချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

Processor

Intel Core 5 210H

Memory

16GB DDR5

New Model

ASUS FX608JMR-0EAEXHB8X10

“စွမ်းဆောင်ရည်အမြင့်ဆုံးကိုပဲ လိုချင်တဲ့ Pro များအတွက်”

ဒါကတော့ TUF Series ရဲ့ Monster လို့ ပြောလို့ရပါတယ်။ RTX 50 Series Graphic Card ပါဝင်လာတဲ့အတွက် အနာဂတ်အထိပါ အေးဆေးစိတ်ချရတဲ့ မော်ဒယ်ဖြစ်ပါတယ်။ Intel Core i7-14650HX ပါဝင်လို့ Heavy Tasks တွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး အလုပ်လုပ်နိုင်မှာပါ။

GPU

RTX 50 Series

Display

2.5K WQXGA

Battery

90WH

ကဲ ဒါဆိုရင်တော့ ဘယ်လိုလူတွေက ဘယ်လို Laptop လေးတွေ ရွေးချယ်ဝယ်ယူရမယ်ဆိုတာ သိသွားလောက်မယ်ထင်ပါတယ်။ Laptop ဝယ်ယူမယ်ဆိုရင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်နဲ့ ဝန်ဆောင်မှုကောင်းမွန်တဲ့ မင်မင်တို့ INNWA IT & Mobile မှာ အခုပဲ လာရောက်လေ့လာ ဝယ်ယူနိုင်ပါပြီခင်ဗျာ။