၂၀၂၆မှာ အကောင်းဆုံး Gaming Notebookတစ်လုံး ဝယ်ဖို့ရှာနေတာလား?
အိမ်မှာ ဂိမ်းဆော့ဖို့ဆိုရင်
စွမ်းဆောင်ရည်မြင့်တဲ့ Desktop တွေဆင်လိုက်တာက အဆင်ပြေပေမယ့် ရုံးကိုသယ်သွားဖို့ကျတော့
ဘယ်လိုမှ အဆင်မပြေပါဘူး။ ရိုးရိုး Office Laptop တွေကျတော့လည်း အလုပ်ပြီးလို့ ဂိမ်းဆော့မယ်ဆိုရင်
ခေတ်မီ AAA ဂိမ်းအသစ်တွေကို နိုင်နိုင်နင်းနင်း မဆော့နိုင်ကြပြန်ဘူး။
ဒါဆိုရင် အလုပ်နဲ့
ဂိမ်း နှစ်ခုစလုံးကို အကောင်းဆုံးဖြစ်ချင်သူတွေအတွက် အဖြေက Gaming Notebook
တွေပဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ်
Gaming Notebook တွေဟာ လူတိုင်းလိုချင်တဲ့ "One-Device" ဖြေရှင်းချက်တစ်ခု
ဖြစ်လာပါပြီ။ ၂၀၂၆ ခုနှစ်ရဲ့ မော်ဒယ်သစ်တွေမှာ NVIDIA® GeForce RTX™ 50-Series
GPU လို စွမ်းဆောင်ရည်မြင့်ကတ်တွေကို ပါးလွှာပြီး ကျောပိုးအိတ်ထဲ အလွယ်တကူထည့်သွားလို့ရတဲ့
Laptopကိုယ်ထည်တွေထဲမှာ ထည့်သွင်းပေးထားပါတယ်။ မနက်ပိုင်း ရုံးအစည်းအဝေးတွေအတွက် ပရော်ဖက်ရှင်နယ်ကျတဲ့
ဒီဇိုင်းမျိုးဖြစ်သလို၊ ညဘက် ဂိမ်းဆော့တဲ့အခါမှာလည်း စွမ်းဆောင်ရည်အပြည့်ပေးနိုင်ပါတယ်။
ဒီနေ့မှာတော့ မြန်မာနိုင်ငံမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်မယ့် အကောင်းဆုံး Gaming
Notebook Series တွေထဲက ASUS ရဲ့ Gaming Notebook တွေအကြောင်း အသေးစိတ်ကြည့်လိုက်ရအောင်...
Budgetလဲသင့် စွမ်းဆောင်ရည်လဲမြင့်တဲ့-
ASUS Gaming K/V Series
ဘယ်သူတွေနဲ့သင့်တော်လဲ: ကျောင်းသားများ၊
ရုံးဝန်ထမ်းများနှင့် Hybrid Userများ။
ဂိမ်းဆော့ဖို့အတွက်
ဝယ်တာဆိုပေမယ့် "Gaming Laptop" ရုပ်ထွက်ပေါက်နေတာမျိုး မကြိုက်တဲ့သူတွေအတွက်ကတော့
ဒါဟာ အဆင်ပြေဆုံးပါပဲ။ ASUS Gaming K/V series (ဥပမာ- K3605 သို့မဟုတ်
V3607) တွေဟာ မနက်ပိုင်း အတန်းတက် or Client နဲ့ Meeting ထိုင်ပြီး ညဘက် Valorant ဆော့ချင်သူတွေအတွက်
ကွက်တိဖြစ်အောင် ဖန်တီးထားတယ်လို့တောင်ပြောလို့ရပါတယ်။
·
ရိုးရှင်းပြီး
သေသပ်တဲ့ ဒီဇိုင်း (Stealth Design): ပါးလွှာပေါ့ပါးပြီး
ပရော်ဖက်ရှင်နယ်ဆန်တဲ့ အရောင်အသွေးတွေနဲ့မို့ ရုံးမှာပဲဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်
သယ်သွားရတာအဆင်ပြေပါတယ်။
·
စျေးနှုန်းသင့်
စွမ်းဆောင်ရည်မြင့်: ပါးလွှာပေမယ့်
Dedicated NVIDIA® GeForce RTX™ ဂရပ်ဖစ်ကတ်တွေနဲ့ 144Hz Refresh Rate Display တွေပါဝင်တာကြောင့်
အလုပ်တွေ ပြီးသွားချိန်မှာ Valorant, CS2 နဲ့ DOTA 2 တို့ကို စိတ်ကြိုက်ဆော့ကစားလို့ရတာလည်းဖြစ်ပါတယ်။
"မနက်ပိုင်း အလုပ်လုပ်၊ ညဘက် ဂိမ်းဆော့" ဖို့အတွက် ဈေးလည်းအရမ်းမကြီးတဲ့ ကွန်ပျူတာတစ်လုံးကို ရှာနေတယ်ဆိုရင် ဒီ Series ကနေ စတင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
Explore ASUS Laptops: