Lenovo IdeaPad 5 2-in-1 i5-13th Gen Hands on Experience
ဒီ Lenovo
IdeaPad 5 2-in-1 က heavy
workload သုံးမယ့်သူတွေအတွက်ဆိုရင်တော့အဆင်မပြေဘူးလို့ထင်တယ်,
ဒါပေမယ့် day-to-day task တွေမှာဆိုရင်
budget laptop တွေထက်ပိုကောင်းတဲ့
performance ကိုတော့ပေးနိုင်တယ်,
Battery life ကိုတော့အားရတယ်
Student တွေ office
worker တွေအတွက် 6-8 hours လောက်သုံးလို့ရမယ်, 14inch
laptop ဆိုပေမယ့် ကိုင်ရတာနည်းနည်းလေး
လေးတယ့်အထဲမှာတော့ပါတယ်
Fingerprint ပါလို့ Privacy
နဲ့ confidentiality အတွက်ကောင်းတယ်, Keyboard လေးလည်းရိုက်ရတာ မဆိုးဘူး ပုံမှန် Lenovo
IdeaPad တွေလိုပဲ ငြိမ့်ငြိမ့်လေးပဲ
အရမ်းမမာဘူး။ Display ပိုင်းမှာ
FHD IPS ကကြည့်ရတာအဆင်ပြေတယ်,
outdoor ကို
နေရောင်အောက်မှာသုံးရတာတော့သိပ်မကြိုက်ဘူး, 300nits brightness က indoor မှာတော့ လုံလုံလောက်ရှိတယ်။
Touch ရပြီး Pen support ပါတယ်,
သုံးရတာတော့အဆင်ပြေပေမယ့် Tablet mode မှာဆို Pen တစ်ဖက်, laptop တစ်ဖက်ကိုင်ရတာက ရိုးရိုး tablet
တွေလောက်တော့မကြိုက်ဘူး, laptop ဖြစ်နေတော့ tablet ထက်ပိုလေးနေတာကြောင့်လည်းဖြစ်နိုင်တယ်၊ စားပွဲပေါ်မှာပဲ 270° ထောင်သုံးရတာပိုကြိုက်တယ်။
ပြောရမယ်ဆိုရင်တော့ Heavy user တွေထက် ပေါ့ပေါ့ပါးပါးသုံးမယ့်သူတွေအတွက် Midrange level performance ကိုရနိုင်မယ့် laptop တစ်လုံးလို့ပဲသုံးသပ်ချင်ပါတယ်။
Product link - https://innwa.com.mm/product-detail/lenovo-ideapad-5-2-in-1-14irh9-i5-13th-gen-2332